ခရစ္စတယ်ပဲလေ့ ကွင်းလယ်တိုက်စစ်ကစားသမား မိုက်ကယ်အိုလစ်ဆီဟာ ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ပြင်သစ်ကွင်းလယ် တိုက်စစ်ကစားသမားဟာ မနှစ်က ပဲလေ့အတွက် ၁၀ ဂိုးသွင်းပြီး ၆ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူပါ။
အိုလစ်ဆီအတွက် ဘိုင်ယန်နဲ့ ပဲလေ့အသင်းတို့ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ပေးချေပြီး ခေါ်ယူဖို့ရှိပါတယ်။
အိုလစ်ဆီကို နယူးကာဆယ်၊ ချဲလ်ဆီးအသင်းတွေကလည်း ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူကိုယ်တိုင်က ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။