ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်အတွက် အင်္ဂလန်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် နည်းပြဆောက်ဂိတ်က စိုးရိမ်နေပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားပေမဲ့ ကစားသမားတွေ ပင်ပန်းနွမ်းနယ်မှုဒဏ် ခံစားနေရတာကြောင့် ပြိုင်ဘက်ကို ထိန်းချုပ်ကစားနိုင်မှု အားနည်းခဲ့တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်အတွက် အမာခံကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်သွားရမှာဖြစ်ပြီး ကစားသမား အပြောင်းအလဲလုပ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်က အရိပ်အမြွက်ပြောပါတယ်။
အထူးသဖြင့် ဘိုင်ယန်မှာကတည်းက နောက်ကျောဒဏ်ရာရခဲ့တဲ့ ကိန်းရဲ့နေရာမှာ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ပွဲထွက်စေဖို့ရှိပြီး ဘယ်လင်ဂမ်၊ ဖိုဒမ်၊ ဆာကာတို့ရဲ့အခြေအနေကိုလည်း နည်းပြ ဆောက်ဂိတ်က စောင့်ကြည့်နေပါတယ်။