ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က သူ့ဝန်ကြီးချုပ်သက်တမ်း ၁၀ လတာအတွင်း နိုင်ငံခြားခရီးစဉ် ၁၅ ကြိမ်မျှ ထွက်ခဲ့တာဟာ လိုအပ်လို့ ဖြစ်ကြောင်း ဇွန် ၂၂ ရက်မှာ ရုပ်သံက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။
အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှာ မျက်နှာသစ်လို့ ဆိုနိုင်တဲ့ ဆေးထားဟာ သက်ဆင်မိသားစု နောက်ခံနဲ့ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။
နိုင်ငံခြားခရီးစဉ် ၁၅ ခါ ထွက်ခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့အတွက် မတ်လထဲမှာ နှစ်လ ပြည်ပထွက်တာနားဖို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ တချို့ခရီးစဉ်တွေဟာ ရှောင်လွှဲမရနိုင်ဘဲ လိုအပ်လို့ ထွက်ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အာဆီယံအစည်းအဝေးလို တရားဝင် ဆွေးနွေးပွဲတွေ၊ တရုတ်နဲ့ ဂျပန်ခရီးစဉ်တွေ၊ သီရိလင်္ကာမှာ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်သွားထိုးတာတွေကို ရည်ညွှန်းပြီး ဝန်ကြီးချုပ်က ခုခံသွားပါတယ်။
နိုင်ငံခြားရေးရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ပဲ အမြဲပြောလေ့ရှိတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အရောင်းဝန်ထမ်း (Thailand’s salesman) လို့ နာမည်ပြောင်ရထားတဲ့ ဝန်ကြီးချုပ်က တခြားခရီးစဉ်တွေဟာလည်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့ သွားရတာဖြစ်ကြောင်း ပြောသွားပါတယ်။
Source-Reuters