ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေဟာ စပိန်လူငယ်ကစားသမား နီကိုဝီလီယံကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အသက် ၂၁ နှစ်ရှိ ဘယ်တောင်ပံ ကစားသမားဟာ စပိန်းအသင်းရဲ့ ယူရို ပွဲဦးထွက် နှစ်ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သူပါ။
Talk SPORT သတင်းစာရဲ့ အဆိုအရ အာဆင်နယ်၊ လီဗာပူးလ်၊ ချဲလ်ဆီး အသင်းပရိသတ်တွေဟာ နီကိုဝီလီယံရဲ့ ခြေစွမ်းအပေါ် ကင်းထောက်ခိုင်းထားပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ရှိပါတယ်။
ဘီဘာအိုအသင်း တာဝန်ရှိသူတွေဘက်ကတော့ ကစားသမားဖြစ်သူက အသင်းမှာ ပျော်ရွှင်နေတဲ့ အတွက် စိုးရိမ်စရာမရှိကြောင်းပြောပါတယ်။
နီကိုဝီလီယံဟာ မနှစ်က လာလီဂါပြိုင်ပွဲမှာ စုစုပေါင်း ၃၂ ပွဲ ကစားခဲ့ပြီး ၈ ဂိုးသွင်း ၊၁၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။