ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့နိုင်ငံထဲက ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ မြောက်ကိုရီးယားက ထိထိရောက်ရောက် ပါဝင်ပတ်သက်နေကြောင်းကို ယူကရိန်း ထောက်လှမ်းရေးဌာနက အကျဉ်းချုံး တင်ပြထားတာရှိကြောင်း အောက်တိုဘာ ၁၄ ရက်က သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက် ညနေပိုင်းမှာ ယူကရိန်းခေါင်းဆောင်က မြောက်ကိုရီးယားဟာ သူ့တပ်ဖွဲ့ဝင်တွေကို ရုရှားတပ်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ပြောကြားခဲ့ပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောသွားပါဘူး။
သူဟာ အစိုးရ၊ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ စစ်တပ်က ထိပ်တန်းအရာရှိတွေနဲ့ စတပ်ဗ်ကာ အစည်းအဝေးမှာ ဆွေးနွေးကြတာမှာ အဓိကပြဿနာတွေထဲ ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် ရုရှားလူမျိုးတွေရဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားထောက်လှမ်းရေးဌာနနဲ့ GUR (စစ်ထောက်လှမ်းရေး) တို့က အစီရင်ခံစာတခု ပါဝင်ပြီး အတော်လေး အသေးစိတ်တယ်လို့ ဆိုပါတယ်။
စစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ထိရောက်စွာ ပါဝင်ပတ်သက်မှုအပြင် ရုရှားနဲ့ တချို့နိုင်ငံတွေဟာ စစ်ပွဲရှည်အောင် ရင်းနှီးမြှုပ်နှံထားနေကြောင်းလည်း ဆိုပါတယ်။
ဇလန်းစကီးဟာ ပြည်တွင်းဒရုန်းထုတ်လုပ်မှုနဲ့ ပတ်သက်လို့လည်း မှတ်ချက်ပေးခဲ့ပြီး ယူကရိန်းဟာ မောင်းသူမဲ့လေယာဉ် တသန်းကို နိုင်ငံတော်စရိတ်နဲ့ ဝယ်ယူပြီး ရှေ့တန်းကို ထောက်ပံ့ပေးနေပြီလို့လည်း ဆိုပါတယ်။
ဒါက နိုင်ငံတော်က ထုတ်လုပ်နေတာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေဆီက၊ ထောက်ခံသူတိုင်းဆီက ရတာတွေလည်း ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Source-Reuters