မြောက်ကိုရီးယားဟာ အခုသီတင်းပတ်အတွင်းမှာ ပြည်သူ့ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့တဲ့ နောက်ဆုံးအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူတွေရဲ့ အလုပ်လုပ်ကိုင်ခြင်းနဲ့ မဲဆန္ဒပေးတဲ့ အသက်အရွယ် သတ်မှတ်ချက်ကို ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီးတော့ စက်မှုနဲ့ စီးပွားရေးဆိုင်ရာ ဥပဒေသစ်တွေကို အတည်ပြုကာ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် နိုဂွမ်ချောလ်ကို အမည်စာရင်း တင်သွင်းခဲ့တယ်လို့ KRT က ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ ကိုရီးယား ၂ နိုင်ငံ ပေါင်းစည်းရေး သဘောထားကို တရားဝင် ပြောင်းလဲခဲ့ခြင်း ရှိ မရှိ မဖော်ပြထားပါဘူး။ ပြည်သူ့ထိပ်သီးအစည်းအဝေးကို ခေါင်းဆောင် ကင်မ်ဂျုံအန်း ကတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
ဇန်နဝါရီလတုန်းက ခေါင်းဆောင် ကင်မ်ဂျုံအန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက မှတ်ချက်တွေနဲ့အညီ ရော်ဘာတံဆိပ်တုံး ပါလီမန်လို့ ခေါ်တဲ့ လွှတ်တော်အစည်းအဝေး မတိုင်ခင်မှာဘဲ ပါတီခေါင်းဆောင်တွေက ဆုံးဖြတ်တဲ့ ဥပဒေပြုလွှတ်တော်ဟာ ကိုရီးယား ၂ နိုင်ငံကြား “ပေါင်းစည်းရေး” ဆိုင်ရာ အခြေခံဥပဒေပါ ကိုးကားချက်တွေကို ဖယ်ရှားလိမ့်မှာ ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် မျှော်မှန်းထားတာတွေ ရှိပါတယ်။
Source-Reuters