မြောက်ကိုရီးယားမြို့တော် ပြုံယမ်းဆီကို တောင်ကိုရီးယားက ဒရုန်းတွေ လွှတ်တယ်လို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြီးနောက် အောက်တိုဘာ ၁၄ ရက်မှာ မြောက်ကိုရီးယား နယ်စပ်မြို့တွေမှာ မီးခိုးတွေ တက်လာတာကို တောင်ကိုရီးယားဘက်ခြမ်းကနေ မြင်တွေ့ရပါတယ်။
အောက်တိုဘာ ၁၃ ရက်မှာတော့ မြောက်ကိုရီးယားဟာ နယ်စပ်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အမြောက်တပ် ၈ ခု ထားရှိထားပြီး ပစ်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်တွေဟာ အနောက်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းတွေ အနားက နယ်စပ်ရဲ့ မြောက်ကိုရီးယားဘက်ခြမ်းက လမ်းမတွေပေါ်မှာ ပုန်းကွယ်ရင်း လမ်းတွေကို ဖောက်ခွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားက လက်နက်ကိုင်ပဋိပက္ခ ဖြစ်စေနိုင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးလှုံ့ဆော်မှုလို့ ခေါ်တဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင် အများအပြားကို မြောက်ကိုရီးယားမှာ ကြဲချဖို့ မောင်းသူမဲ့လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
သီတင်းပတ်ကုန်ရက်က နောက်ထပ် ထုတ်ပြန်ချက်တခုမှာတော့ တောင်ကိုရီးယား ဒရုန်းယာဉ်တွေဟာ ပြုံယမ်းမြို့တော် အပေါ်ကို ထပ်ပျံသန်းနေတာကို တွေ့ခဲ့မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ကပ်ဘေးတခု ဖြစ်လာမယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။
Source-Reuters