အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ တောင်ပံကစားသမား မာတင်နယ်လီပါ ထပ်တိုးလာပါတယ်။
မာတင်နယ်လီဟာ ဘရာဇီးအသင်းက ချီလီကို အနိုင်ရခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လူစားဝင်ကစားခဲ့ပါသေးတယ်။
အဲဒီပွဲစဉ်မှာ ညာခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး တနင်္ဂနွေနေ့က အသေးစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆေးစစ်ချက်အရ အနားယူဖို့ လိုအပ်နေပြီး ဘရာဇီးအသင်းဆရာဝန်အဖွဲ့ကနေ ကုသမှု ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
မာတင်နယ်လီအနေနဲ့ အာဆင်နယ်အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ ကြံ့ခိုင်မှုပြဿနာရှိလာနိုင်ပြီး ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
အာဆင်နယ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ် အပါအဝင် ဆာကာဟာလည်း ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါသေးတယ်။
အလားတူ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာလည်း ဒဏ်ရာအကင်းမသေတာကြောင့် ဂျာမနီအသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။