အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုရှိနေပြီး လာမယ့် နိုဝင်ဘာလအတွင်းမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
မူလက အိုဒီဂတ်ဟာ ဒဏ်ရာပြဿနာရဲ့နောက်ဆက်တွဲ ပြဿနာတွေ ခံစားနေရတာကြောင့် မျှော်မှန်းထားတာထက်ပိုပြီး အနားယူရနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
လက်ရှိအချိန်အနေမှာတော့ အဲဒီသတင်းတွေဟာ ဟုတ်မှန်ခြင်းမရှိဘဲ လာမယ့်နိုဝင်ဘာလထဲမှာ ပြန်ကစားနိုင်မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ပြေးစက်ပေါ်မှာ ပြေးနေတဲ့ အိုဒီဂတ်ရဲ့ ဗီဒီယိုဖိုင်တခုကိုလည်း အာဆင်နယ်အသင်းက ဝေမျှခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ အင်္ဂလန်အတွက် ကစားပေးရင်း ဒဏ်ရာရခဲ့တဲ့ ဆာကာရဲ့ အခြေအနေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။