Home
နိုင်ငံတကာ
ပစိဖိတ်သမုဒ္ဒရာတွင် ရုရှားနှင့် တရုတ် စစ်သင်္ဘောများ ပူးတွဲ စစ်ရေးလေ့ကျင့်
DVB
·
October 14, 2024
Photo - Russian Defence Ministry/Handout via REUTERS

ရုရှားနဲ့ တရုတ်စစ်သင်္ဘောတွေ အာရှ-ပစိဖိတ်ဒေသတွင်း ပူးတွဲကင်းလှည့်မှု တစိတ်တပိုင်းဖြစ် ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်မြောက်ပိုင်းမှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ တရုတ် ရေတပ်သင်္ဘောတွေဟာ စက်တင်ဘာလက ဘေးဘူ အပြန်အလှန် အကျိုးပြုရေး ၂၀၂၄ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး အဲဒီနောက်မှာတော့ ရုရှားနဲ့ တရုတ်ရေတပ်သင်္ဘောတွေ စပြီး ပူးပေါင်းကင်းလှည့်ခဲ့တယ်လို့ ရုရှားအခြေစိုက် Interfax သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ အိုးရှန်း-၂၀၂၄ ရေတပ်စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် စက်တင်ဘာလတုန်းက ဒုံးကျည်နဲ့ အမြောက်တွေ ပစ်ခတ်လေ့ကျင့်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်ကို တန်ပြန်ဖို့ ကြိုးပမ်းချက်အဖြစ် သဘောထားခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013