ဗောက်စ်ဝက်ဂွန်၊ မာစီးဒီးစ်နဲ့ နစ်ဆန်း ကားကုမ္ပဏီကြီးတွေ ရုရှားက ထွက်ခွာသွားလို့ လစ်လပ်နေတဲ့ ကားစက်ရုံ ၃ ရုံကို အသုံးပြုပြီး တရုတ်ကားကုမ္ပဏီ Chery က ကားတွေ တပ်ဆင်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ကားကုမ္ပဏီတွေ ရုရှားက ထွက်ခွာသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ တရုတ်ကားကုမ္ပဏီတွေဟာ ရောင်းအားအနေနဲ့ တရုတ်ကားစျေးကွက်ရဲ့ ထက်ဝက်ကျော်အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရုရှားက ခရီးသည်တင်ကား ရောင်းချမှုအားလုံးရဲ့ ငါးပုံတပုံအထိရှိတဲ့ Chery ဟာ တရုတ်ပြည်ကနေ တင်ပို့လိုက်တဲ့ ကားအစိတ်အပိုင်းတွေကို ရုရှားမှာရှိတဲ့ အဲဒီစက်ရုံ ၃ ရုံမှာ တပ်ဆင်ပေးနေတာလို့ ဆိုပါတယ်။
Chery ကုမ္ပဏီကတော့ ရုရှားစျေးကွက်ကို ခရီးသည်တင်ကားတွေ တင်ပို့နေပေမဲ့ ရုရှားမှာ ကိုယ်ပိုင်စက်ရုံတွေ တည်ဆောက်ဖို့၊ ဝယ်ယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အရင် ဂျာမန်စက်ရုံတွေသုံးပြီး ကားတွေ တပ်ဆင်နေသလားဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ မေးခွန်းကိုတော့ မဖြေရှင်းပါဘူး။
ရုရှားဟာ တင်သွင်းတဲ့ကားတွေအပေါ် အခွန်တိုးကောက်လာတဲ့အတွက် ပြည်ပကားကုမ္ပဏီတွေဟာ ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့၊ အနိမ့်ဆုံးအားဖြင့် တပ်ဆင်ဖို့ ဖိအားဖြစ်လာခဲ့ပါတယ်။ တဖက်မှာလည်း ဥရောပသမဂ္ဂက တရုတ်ထုတ် EV တွေကို စည်းကြပ်ခွန် တိုးကောက်ဖို့ ရှိနေပါတယ်။
Source-Reuters