အာဆီယံနဲ့ တရုတ်တို့ဟာ လွတ်လပ်စွာ ကုန်သွယ်ရေးနယ်ပယ် (ACFTA) 3.0 အဆင့်မြှင့်တင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှု ခိုင်ခိုင်မာမာ နိဂုံးချုပ် ကောက်ချက်ချနိုင်ခဲ့ပြီလို့ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ လာအိုဝန်ကြီးချုပ်တို့က အောက်တိုဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
သဘောတူညီချက်ဟာ ၂၀၂၅ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်လင့်ထားပြီး နှစ်ဖက်အကြား စီးပွားရေးဆက်ဆံမှုတွေ ပိုမိုနက်ရှိုင်းစေဖို့၊ ဈေးကွက်ပေါင်းစည်းမှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ လာအိုဝန်ကြီးချုပ်က ပြောပါတယ်။
တရုတ်နဲ့ အာဆီယံဟာ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနဲ့ သန်း ၆၀၀ ကျော်ရှိတဲ့ အဓိက ဈေးကွက်နှစ်ခု ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဈေးကွက်ချိတ်ဆက်မှုကို အားကောင်းအောင်လုပ်တာဟာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှု အတွက် မရှိမဖြစ်လိုအပ်တဲ့ ဦးတည်ချက်တရပ် ဖြစ်တယ်။
တရုတ်နဲ့ အာဆီယံရဲ့ ဈေးကွက်တွေ ပိုနီးနီးကပ်ကပ် ပေါင်းစည်းလာလေလေ၊ စီးပွားရေး အရွယ်အစား၊ စက်မှုအစုအဝေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေကို ပိုဖန်တီးပေးနိုင်လေလေပဲလို့ တရုတ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
Source-Reuters