ယူကရိန်းနိုင်ငံ၊ ဒါနူဘေမြစ်ကမ်းတလျှောက် ယူကရိန်းရဲ့ ဗင်းနစ်လို့ ခေါ်တဲ့ မြေအောက်ခန်းမရှိတဲ့ မြို့ကလေးမှာ နေထိုင်သူတွေဟာ မြစ်နဲ့ ရေနက်ဆိပ်ကမ်းတွေကို ရုရှားက မကြာခဏဆိုသလို ဒရုန်းတွေနဲ့ တိုက်တာကို ခံနေရပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အပန်းဖြေတဲ့ မြို့ငယ်လေး ဗျိုကိုဗဲဟာ ဒါနူဘေမြစ်ဝှမ်းရဲ့ နှုတ်ခမ်းဝမှာရှိပြီး အီတလီနိုင်ငံ ဗင်းနစ်မြို့လို တူးမြောင်းတွေကြောင့် ဒေသခံပြည်သူတွေက ကားလမ်းတွေကို လှေတွေနဲ့ အစားထိုး သုံးနေရတာပါ။
ညကောင်းကင်ယံမှာ အနက်ရောင် မောင်းသူမဲ့လေယာဉ်တွေကို မမြင်နိုင်တဲ့အခါမှာ အမှောင်ထဲမှာ ရုရှားဒရုန်းနဲ့ စတင်တိုက်ခိုက်လေ့ရှိပါတယ်။
အာဖရိက မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက လူသန်းပေါင်းများစွာအတွက် အဓိကသော့ချက် ဖြစ်တဲ့ ယူကရိန်းရဲ့ ရိက္ခာတင်ပို့မှုကို နှောင့်ယှက်ဖို့ ကြိုးပမ်းရာမှာ ရုရှားက ဆိပ်ကမ်းအခြေခံ အဆောက်အအုံနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သင်္ဘောတွေကို တမင်ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ယူကရိန်းက ပြောပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်တွေမှာ တိုက်ပွဲတွေ သိသိသာသာ ပြင်းထန်လာခဲ့ပြီး ဒီမြို့လေးက ဒရုန်းတွေရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။
စက်သေနတ်တွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ရှာဖွေမီးတွေ၊ အပူနဲ့ ပုံရိပ်ဖော်တဲ့ ကင်မရာတွေပါတဲ့ ပစ်ကပ်ထရပ်ကားတွေဟာ တိုက်ခိုက်မှုတွေကို တိုက်ဖျက်ရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ကွန်ပျူတာဆရာဟောင်းဖြစ်ပြီး အခု အိုင်တီ ဆိုတဲ့ နာမည်ဝှက်နဲ့ စစ်သည်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားအပေါ် ဒေါသက စစ်သားတွေရဲ့ လုပ်ရပ်ကို လမ်းညွှန်ပေးတယ်လို့လည်း သူက ပြောပါတယ်။
Source-Reuters