အမေရိကန်က အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေး ပိုမိုအားကောင်းစေဖို့အတွက် အမြင့်ပိုင်းကလာတဲ့ ဒုံးကျည်တွေ ကာကွယ်ပေးတဲ့ ဒုံးခွင်းစနစ်နဲ့ စစ်သည်တွေ စေလွှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
Thaad လို့ခေါ်တဲ့ လေထုအမြင့်ပိုင်းဧရိယာက ဆင်းသက်လာတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ အဲဒီစနစ်ကို ကိုင်တွယ်ထိန်းချုပ်တဲ့ စစ်သည်တွေကို စေလွှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ထုတ်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်မှာ အီရန်က ဘယ်လစ်စတစ် ပဲ့ထိန်းဒုံးကျည် ၂၀၀ နီးပါး အစ္စရေးကို ပစ်လွှတ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က အများစုကို ကြားဖြတ်ဟန့်တားခဲ့ပေမဲ့ အစ္စရေးအလယ်ပိုင်းနဲ့ တောင်ပိုင်းကို အမြောက်အများအပြား ထိမှန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက အပြင်းအထန် လက်တုံ့ပြန်မယ်လို့ ပြောထားပေမဲ့ အခုချိန်ထိ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတိအကျ မကြေညာသေးပါဘူး။ အီရန်ကလည်း အစ္စရေးက တိုက်ခိုက်လာသမျှကို ပြန်တုံ့ပြန်မယ် ပြောထားပါတယ်။
Thaad ဒုံးခွင်းစနစ် ထားရှိမယ့် အစီအစဉ်ဟာ အစ္စရေးကို ကာကွယ်ဖို့ အမေရိကန်ရဲ့ သံမဏိလိုခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ပြသတာဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့အပြီး အရှေ့အလယ်ပိုင်းကို အမေရိကန်က Thaad ဒုံးခွင်းစနစ်တစုံ ပေးပို့ခဲ့ပါတယ်။
၂၀၁၉ တုန်းကလည်း လေ့ကျင်ရေးနဲ့ လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုအတွက် စနစ်တစုံ ပေးပို့ခဲ့ဖူးပါတယ်။
Source-Reuters