လက်ဘနွန်တောင်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ရဲ့ ကင်းမျှော်စင်နားကို အောက်တိုဘာ ၁၁ ရက်မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ကုလငြိမ်းချမ်းရေး အစောင့်တပ်ရဲ့ အဓိက အခြေစိုက်စခန်းကို ၄၈ နာရီအတွင်း ကျရောက် ပေါက်ကွဲတာဖြစ်လို့ တုန်လှုပ်စေခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေကနေ မီးခိုးတွေ မြင့်တက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။
လက်ဘနွန်တောင်ပိုင်း၊ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးနဲ့ ဘက်ခါတောင်ကြားတို့မှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း ပဋိပက္ခ ပိုပြင်းထန်လာခဲ့ပြီး ဟစ်ဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင် အများအပြား သေဆုံးခဲ့ပါတယ်။
အစ္စရေးက နယ်စပ်ဖြတ်ကျော် မြေပြင်တပ်တွေ စေလွှတ်ခဲ့သလို ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်တို့ကြား ရန်လိုတာတွေ ဆက်လက်မြင့်တက်နေပြီး အရှေ့အလယ်ပိုင်း မတည်မငြိမ်ဖြစ်မှာကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေကြပါတယ်။
Source-Reuters