ကုလရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေကို လက်ဘနွန်မှာ ပစ်ခတ်မှု မလုပ်ဖို့ အစ္စရေးကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။
ကုလငြိမ်းချမ်းရေး ထိမ်းသိမ်းမှုအဖွဲ့ဝင်တွေဟာ လက်ဘနွန်မှာ ၄၈ နာရီအတွင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ ကုလအဖွဲ့ရဲ့ သီရိလင်္ကာတပ်သား ၂ ဦး ဒဏ်ရာရခဲ့ပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ခံရမယ်လို့ အစ္စရေးကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
သိရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုံချတယ်လို့ ကြေညာ ထားပါတယ်။
အစ္စရေးကာကွယ်ရေးအဖွဲ့တွေက နာကိုရာမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယူအန်အဖွဲ့တွေကို တင့်ကားနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ အင်ဒိုနီးရှားတပ်သား ၂ ဦးလည်း ကင်းစောင့်မျှော်စင် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ ခေါင်းဆောင်များအကြား ကျယ်ကျယ်ပြန့်ပြန် တုန့်ပြန်ရှုံချမှုတွေ ပေါ်လာခဲ့ပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် မီကာတီကလည်း ဒီတိုက်ခိုက်မှုက ရာဇဝတ်မှု တခုဖြစ်ကြောင်း ရှုံ့ချခဲ့ပါတယ်။
ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ကို လက်ဘနွန်မှာ တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်က နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟားရစ်က ဆိုပါတယ်။
လက်ဘနွန်မှာ ကုလအဖွဲ့တွေထဲမှာ အိုင်ယာလန်နိုင်ငံသား ၃၇၉ ဦးပါဝင်နေပါတယ်။
ကုလသမဂ္ဂဟာ နိုင်ငံပေါင်း ၅၀ ပူးပေါင်းပြီး လီတာနီမြစ်နဲ့ လက်ဘနွန်၊ အစ္စရေးနယ်စပ်မှာ ငြိမ်းချမ်းရေထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၁၀၄၀၀ ကျော် ချထားဖို့ ကြာသပတေးနေ့က သဘောတူခဲ့တာ ဖြစ်ပါတယ်။
Source/ Photo: Reuters