အီရန်ကို သေစေလောက်တဲ့ လက်တုံ့ပြန်မှုပြုလုပ်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ကတိပြုထားတဲ့အချိန် အီရန်-အစ္စရေး ဆက်ဆံမှု တင်းမာနေတဲ့အချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဖုန်းပြောခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
မိနစ် ၃၀ ကြာ ဖုန်းပြောဆိုမှုဟာ ဩဂုတ်လကတည်းက ဘိုင်ဒင်နဲ့ နေတန်ရာဟုတို့ ပထမဆုံးအကြိမ် ဆွေးနွေးမှုဖြစ်ပါတယ်။
ဂါဇာမှာ ဟားမတ်စ်တွေကို အီရန်က ထောက်ပံ့ပြီး လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေကို ထောက်ပံ့နေတဲ့အတွက် အစ္စရေးနဲ့ အီရန်တို့အကြား ပဋိပက္ခ တိုးမြင့်လာတာပဲ ဖြစ်ပါတယ်။
အီရန်ရဲ့ အောက်တိုဘာ ၁ ရက် ပစ်ခတ်မှု မအောင်မြင်ခဲ့တဲ့နောက် နေတန်ယာဟုက မိမိတို့ကို တိုက်ခိုက်တဲ့ မည်သူမဆို ပြန်ပေးဆပ်ရမှာဖြစ်ကြောင်း၊ အစ္စရေးရဲ့ တိုက်ခိုက်မှုက သေလောက်တဲ့၊ တိကျတဲ့၊ အံ့ဩစရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်လာမှာဖြစ်ကြောင်း၊ ဘယ်လိုဖြစ်မလဲ ဆိုတာတောင် သူတို့ နားမလည်နိုင်တဲ့ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Source-Reuters