ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မြို့ အနောက်ဘက်က မက်ဇာမြို့ ဆင်ခြေဖုံးမှာရှိတဲ့ လူနေအဆောက်အဦတခုကို အစ္စရေးက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၇ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပဏာမ အစီရင်ခံစာတွေအရ အရပ်သား ၇ ယောက်ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပါတယ်လို့ တပ်မတော်သတင်းရင်းမြစ်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
အနားက ပုဂ္ဂလိကပိုင်ပစ္စည်းတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဂိုလန်ကုန်းမြင့်မှ ဒုံးကျည် ၃ စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့လည်း ကိုးကားဖော်ပြပါတယ်။
ဆီးရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်တွေက ဒမတ်စကတ်မြို့နား ရောက်လာတဲ့ ရန်လိုတဲ့ ပစ်မှတ်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အစ္စရေးဟာ ဆီးရီးယားနိုင်ငံထဲက အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို နှစ်တော်တော်ကြာအောင် တိုက်ခိုက်နေခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာစစ်ပွဲ စပြီးတဲ့နောက် ဆီးရီးယားကို စီးနင်းတာတွေ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
Source-Reuters