အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်မှာ နှစ်စဉ် ကျင်းပနေကျ အယ်လ်ဘာကာကီး အပြည်ပြည်ဆိုင်ရာ မီးပုံပျံပွဲတော်ကို ဒီနှစ်မှာလည်း အောက်တိုဘာ ၁၂ ရက်နေ့က စတင်ကျင်းပနေပါတယ်။
ကမ္ဘာမှာအကြီးဆုံးဖြစ်တဲ့ လူစီးမီးပုံပျံပွဲမှာ နှစ်စဉ် မီးပုံးပျံ အလုံး ၁,၀၀၀ ဝန်းကျင် ပါဝင်လေ့ရှိပါတယ်။
အောက်တိုဘာလအတွင်းမှာ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲဟာ ၉ ရက်ကြာမြင့်ပြီး ၁၉၇၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။
စတင်စဉ်က 770 KOB ရေဒီယိုလိုင်းရဲ့ အနှစ် ၅၀ ပြည့်ပွဲအဖြစ် ဖန်တီးခဲ့ပြီး မီးပုံးပျံ ၁၃ လုံးပဲ ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံတကာပွဲတော် ဖြစ်လာခဲ့ပြီး ပြိုင်ပွဲ၊ ပြပွဲတွေနဲ့ အထင်ရှားဆုံး ပွဲတော်ကြီးဖြစ်လာခဲ့ပါတယ်။
အလုံးရေ ၁,၀၀၀ ကျော်သွားခဲ့အပြီးမှာ မြေပြင်ပြန်ဆင်းဖို့ နေရာအခက်အခဲရှိတာနဲ့ မနိုင်မနင်းဖြစ်တာကြောင့် နောက်ပိုင်းမှာ အလုံးရေ ၁,၀၀၀ ထက် မပိုဖို့ ကန့်သတ်ထားပါတယ်။
မီးပုံပျံလို့ပဲ အလွယ်တကူပြောပေမဲ့ တောင်ကြီးမီးပုံပျံပွဲတော်လို မီးပုံပျံမျိုးမဟုတ်ဘဲ လူလိုက်ပါစီးနင်းနိုင်တဲ့ ပုဂံမှာတွေ့ရတဲ့ မီးပုံးပျံပုံစံတွေ ဖြစ်ပါတယ်။
Source-Reuters