တရုတ်နိုင်ငံက ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေရဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေအတွက် သတိပေးတာလို့ ပြောရင်း ကျွန်းပတ်လည်မှာ စစ်စွမ်းရည်ပြပွဲ စတင်ပြီးနောက် အောက်တိုဘာ ၁၄ ရက်မှာ ထိုင်ဝမ်ကျွန်း ရှင်းချူး လေတပ်အခြေစိုက်စခန်းကနေ တိုက်လေယာဉ်တွေ ပျံတက် ပျံဆင်း လုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်ပွဲတွေ ဘယ်တော့အဆုံးသတ်မယ်ဆိုတာ တရုတ်စစ်တပ်က မပြောလို့ ထိုင်ဝမ်အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် တရုတ်က ရှုမြင်ထားတာပါ။
ထိုင်ဝမ်ကတော့ အရင်အပတ်က သမ္မတ လိုင်ချင်းတယ်ရဲ့ အမျိုးသားနေ့မိန့်ခွန်း ပြောပြီးကတည်းက တရုတ်က စစ်စွမ်းရည်ပြပွဲတွေ ပိုလုပ်လာနိုင်တယ်လို့ တပ်လှန့်ထားတာ ဖြစ်ပါတယ်။
သမ္မတလိုင်က တရုတ်ပြည်မကြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းရင်း တရုတ်ဟာ ထိုင်ဝမ်ကို ကိုယ်စားပြုဖို့ အခွင့်အရေး မရှိဘူးလို့ ပြောအပြီး အဲဒီမိန့်ခွန်းကို တရုတ်ပြည်မကြီး အစိုးရက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
“Joint Sword-2024B” လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်နဲ့ ထိုင်ဝမ်ရေလက်ကြားတို့မှာ ဆင်နွှဲသွားမယ်လို့ တရုတ်စစ်တပ် အရှေ့ပိုင်းစစ်တိုင်းက ပြောခဲ့ပါတယ်။
Source-Reuters