တရုတ်နိုင်ငံချွန်ချင်းမှာ ဒရုန်းဖြင့် Delivery ပို့ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ချွန်ချင်းနဲ့ ဘာနန်ခရိုင်မှာရှိတဲ့ တောဒေသတွေနဲ့ ဇောင်ဘာကျွန်းတို့ကို ပစ္စည်းပို့ဆောင်ဖို့ ဒရုန်းတွေစတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒရုန်းနဲ့ပစ္စည်း ပို့ဆောင်မှုတွေကို နေ့စဉ်ပြုလုပ်မှာဖြစ်ပါတယ်။ ဒရုန်းတစင်းဟာ ကီလိုဂရမ် ၁၀၀ သယ်ဆောင်နိုင်ပြီး ပုံမှန်ခရီး ကို ၄၅ မိနစ်ထက်အောက်နဲ့ ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒရုန်းတွေ သုံးခြင်းအားဖြင့် ပို့ဆောင်ရေးအချိန်တွေ လျှော့ချနိုင် မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမဟာ တံတိုင်းကြီးတွေပေါ် အလည်အပတ်ရောက်ရှိနေတဲ့ ခရီးသွားတိုးရစ်တွေအတွက် နေ့လယ်စာပေးပို့မှုကိုလည်း ဩဂုတ်လက ဒရုန်းတွေနဲ့ ပေးပို့မှု ပြုလုပ်ခဲ့ပါ သေးတယ်။
တရုတ်စားသောက်ဖွယ်ရာပို့ဆောင်ရေး မီတန်က ဒရုန်းနဲ့ဆားဗစ်ပေးတဲ့အကြောင်း ဩဂုတ်လက ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုပို့ဆောင်တဲ့နေရာမှာ အစားအသောက်၊ ဆေးဝါးနဲ့ အခြား ပစ္စည်းတွေလည်း ဝန်ဆောင်မှု ပေးခဲ့တာဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံမြို့ကြီးတွေမှာ ပထမဆုံး ဒရုန်းနဲ့ ဆားဗစ်ပေးမှုဖြစ်လာခဲ့ကာ ဒရုန်းနဲ့ ပို့ဆောင်မှုလုပ်ငန်း တရုတ်တနိုင်ငံလုံး တွင်ကျယ်လာခဲ့တာဖြစ်ပါတယ်။
Delivery ဒရုန်းနဲ့ ဆေးဝါးတွေ၊ ပစ္စည်းတွေ၊ အစားအသောက်တွေ၊ စာတွေ၊ ပေါ့ပါးတဲ့အရာဝတ္ထု တွေကို ပို့ဆောင်မှုကို Amazon, DHL ,FedEx စတဲ့ ပစ္စည်းဝန်ဆောင်မှုဆားဗစ်တွေက စတင်စမ်းသပ်ပို့ဆောင်မှုတွေ ပြလုပ်ကြပါတယ်။
ကိုဗစ် -၁၉ ကာလ ကတည်းက ဒရုန်းတွေဟာ ကမ္ဘာမှာသုံးစွဲမှုများပြားပြီး ထိရောက်မှုရှိတဲ့ ပို့ဆောင်ရေးစနစ်တစ် ခုဖြစ်လာပါတယ်။
လက်ရှိအချိန်မှာ ဩစတြေးလျ၊ ကနေဒါ၊ ဘော့ဝါနာ၊ ဂါနာ၊ ယူဂန်ဒါ၊ ယူကေ၊ အမေရိကန်နိုင်ငံ တို့မှာ ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်မှုတွေကို စမ်းသပ်အသုံးပြုနေကြပါတယ်။
Source/ Photo: Reuters