Home
သတင်းဓာတ်ပုံ
ဒေါက်တာဇော်မြင့်မောင်အတွက် ဆုတောင်းပွဲ ကနေဒါ၊ ဗန်ကူးဗားမြို့ တွင်ကျင်းပ
DVB
·
October 13, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ၊  မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဆုတောင်းပွဲနဲ့  နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ ဆာရေးရှိ Our Lady of Good Counsel ကျောင်းခန်းမမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ကျင်းပါတယ်။

ကွယ်လွန်သွားတဲ့  ဒေါက်တာဇော်မြင့်မောင်အတွက် ဗန်ကူးဗားရောက် မြန်မာအသိုက်အဝန်းက  တမိနစ် ငြိမ်သက်ဆုတောင်းပေးခဲ့ကြပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားတာ၊ ဒေါက်တာဇော်မြင့်မောင်  နိုင်ငံရေးလှုပ်ရှားမှုနဲ့ ချီးကျူး စရာ အရည်အချင်းတွေကို အမှတ်တရဂုဏ်ပြုဟောပြောတာနဲ့ ဒေါက်တာဇော်မြင့်မောင်အတွက် ခံစားရေးဖွဲ့ထားတဲ့ ကဗျာရွတ်ဆိုတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ၄ ကြိမ်ဆက်တိုက်အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်ပါတယ်။

သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်အာဏာရှင်က ၂၀၂၁ အာဏာသိမ်းချိန်ကတည်းက ထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၂၉ နှစ်အထိချမှတ် အကျဉ်းချထားခဲ့ကာ လုံလောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့်မပေးခဲ့လို့ အောက်တိုဘာ ၇ ရက်မှာ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013