Home
နိုင်ငံတကာ
မောင်းသူမဲ့  တက္ကစီကို အီလွန်မတ်စ်ခ် မိတ်ဆက်
DVB
·
October 11, 2024
Photo-Reuters

တံခါး ၂ ပေါက်ပါ မောင်းသူမဲ့ ရိုဘော့တက္ကစီကို တက်စလာ စီအီးအို အီလွန်မတ်စ်ခ်က စတင်မိတ်ဆက်ခဲ့ပါတယ်။

စင်ရော်တောင် တံခါး ၂ ပေါက်နဲ့ စတီယာရင်မပါတဲ့ ဒီကားကို အောက်တိုဘာ ၁၀ ရက်က ပြသခဲ့တာပါ။

ရိုဘော့တက္ကစီကို ဆိုက်ဘာကပ်လို့ ခေါ်ပြီး ၂၀၂၆ ခုနှစ်မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရိုဘော့တက္ကစီတွေကို ဒေါ်လာ ၃၀,၀၀၀ အောက်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ငှားရမ်းသူတွေအနေနဲ့ ၁ မိုင်ကို ဆင့် ၂၀ သာ ကျသင့်မှာဖြစ်ပါတယ်။

အီလွန်မတ်စ်ခ်ရဲ့ အစီအစဉ်အရ ဆိုက်ဘာကပ်တွေကို ခရီးသည်တွေက App အသုံးပြုကာ အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

တက်စလာကားပိုင်ရှင်တွေကလည်း ဒီ App ကို အသုံးပြုပြီး ငှားရမ်းမှုတွေလည်း ပြုလုပ် ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က မိတ်ဆက်ပွဲကို လော့စ်အိန်ဂျလိစ်အနားက ဝါနာဘရားသား စတူဒီယိုမှာ ပြုလုပ်ခဲ့ပြီး We Robot လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်သိပ္ပံစာရေးဆရာ အက်ဆီမော့ဗ်ရဲ့ I Robot ပုံစံမျိုး We Robot လို့ နာမည်တပ်ခဲ့တာ ဖြစ်ပြီး ကားတွေကို AI ရိုဘော့ကုမ္ပဏီ ဖြစ်သင့်တယ်လို့လည်း အီလွန်မတ်စ်ခ်က ဆိုပါတယ်။

လက်ရှိအချိန်မှာ တက်စလာ ရိုဘော့တက္ကစီတွေ ထုတ်လုပ်မှု၊ ကုန်ကျမှုနဲ့ တက္ကစီကနေ ဝင်ငွေဘယ်လောက်ရမလဲ ဆိုတဲ့အချက်တွေက လူစိတ်ဝင်စားမှု များနေပါတယ်။

အီလွန်မတ်စ်ခ်ဟာ ၂၀၁၉ ခုနှစ်က ရိုဘော့တက္ကစီတွေကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ဖူးပေမဲ့ အဲဒီအချိန်တုန်းက မအောင်မြင်ခဲ့ပါဘူ။

ဒီနှစ်မှာတော့ အီလွန်မတ်စ်ခ်ဟာ ကားတွေဖွံ့ဖြိုးတိုးတက်ဖို့ကို အာရုံစိုက်ခဲ့ပြီး ပိုသေးတဲ့၊ ပိုဈေးသက်သာတဲ့၊ ပိုပြီးမြင်ကွင်းကျယ်တဲ့ ကားမျိုးတွေ ထုတ်လုပ်ဖို့ အာရုံစိုက်လာခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024