ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အောက်တိုဘာ ၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ပစ်သတ်ခံရကာ ၃ ယောက် အဖမ်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဆီကနေ သိရပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရဲဘော် ၈ ဦးက သူတို့တပ်ရင်းအသီးသီးက တပ်ရင်းကိစ္စတွေနဲ့ ဆိုင်ကယ်နဲ့သွားကြရင်း ငွေတောင်-ချောင်းမကျည်းသွားလမ်းပေါ် ချောင်းမကျည်းဆည်နားမှာ ဆိုင်ကယ်ဘီး ပေါက်သွားလို့ ၃ ဦးကျန်နေခဲ့တာကို အဲဒီရွာနားမှာ တပ်စွဲနေတဲ့ စစ်တပ်ကကောင်တွေက ဖမ်းသွားတာလို့ သိရတယ်” လို့ ပြောပါတယ်။
လွတ်မြောက်သွားတဲ့ PDF ရဲဘော် ၅ ယောက် ပုန်းအောင်းနေတဲ့နေရာကိုလည်း ဒေသခံတွေရဲ့ စစ်တပ်ကို သတင်းပေးမှုကြောင့် ရဲဘော် ၂ ယောက် ပစ်သတ်ခံခဲ့ရသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရေတာရှည်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “လွတ်သွားတဲ့ ရဲဘော် ၅ ယောက်က လမ်းဘေးမှာရှိတဲ့ ကြံခင်းထဲမှာ ဝင်ပုန်းနေကြတာကို ဇရစ်စမ်းရွာက အမျိုးသမီးတယောက်က မြင်သွားပြီး သူ့ရွာအုပ်ကြီးကိုတိုင်လို့ အုပ်ကြီးက စစ်သားတွေခေါ်လာပြီး ကြံခင်းထဲဝင်ပစ်လို့ ရဲဘော် ၂ ယောက် ကျခဲ့တယ်။ ၃ ယောက်ကတော့ လွတ်ပါတယ်။ အဖမ်းခံရတဲ့အထဲက ရဲဘော် ၁ ယောက်နဲ့ အပစ်ခံရလို့ ကျသွားတဲ့ ရဲဘော် ၁ ယောက်က စစ်ကိုင်းနယ်ထဲက တပ်ရင်းတွေကလို့ သိရတယ်” လို့ ပြောပါတယ်။
လွတ်မြောက်လာတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ ရေတာရှည်မြို့နယ်က ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဆီမှာ ဝင်ရောက်ခိုလှုံနေတယ်လို့လည်း သိရပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိပေမဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ရေတာရှည်မြို့နယ်အတွင်း PDF တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ဖမ်းဆီးရာ ၂ ယောက်သေဆုံးကာ ၃ ယောက် ဖမ်းဆီးရမိပြီး သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၄,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်အိမ် ၃ ခု၊ အိုင်ကွန် ၄ လုံး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် ဆိုင်ကယ် ၃ စီးကို သိမ်းဆည်းရမိထားတယ်လို့ ရေးသားဖော်ပြကြပါတယ်။
DVB