Home
မြန်မာသတင်း
စလင်းတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်း ၂၀၀ နီးပါးကို PDF ရှင်းလင်း
DVB
·
October 8, 2024

မကွေးတိုင်း၊ စလင်းမြို့နယ်က ပြည်သူတွေ အသုံးပြုတဲ့ ကျေးရွာချင်းဆက်လမ်းက ဓာတ်တိုင်တွေမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း အလုံး ၂၀၀ နီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်းတူးဖော်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၈ ရက် တနေ့တည်းမှာတင် တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်း ၁၈၀ ကျော်ရှိပြီး ဆက်လက်ရှာဖွေဖို့လည်း ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မကွေးအခြေစိုက် ကပစ-၂၅ နဲ့ ကပစ-၂၁ ကို ဆက်သွယ်ထားတဲ့ လျှပ်စစ်မီးတိုင်တွေကို PDF တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးခဲ့ဖူးတဲ့အတွက် အောက်တိုဘာ ၃ ရက်လောက်မှာ ဆိပ်ဖြူတပ်နယ်က စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်း ထောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စလင်းပကဖ တာဝန်ရှိသူက “ကျနော်တို့ဘက်က ဓာတ်တိုင်တွေကို ဖျက်ဆီးရင် မိုးရာသီဖြစ်တော့ သူတို့လာပြင်ရခက်လို့ မြေမြှုပ်မိုင်းတွေ ဆင်ထားတာပေါ့။ မြေမြှုပ်မိုင်းတွေက လက်နက်ခဲယမ်းနဲ့ နီးစပ်မှုမရှိတဲ့ ပြည်သူတွေအတွက်တော့ အန္တရာယ်များတာပေါ့။ ကျနော်တို့ တူးဖော်နေတာဆိုရင် မိုင်းအလုံး ၂၀၀ ဝန်းကျင်ရှိပြီ၊ ဆက်တူးဖို့လည်း ကျန်ပါသေးတယ်” လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းမှုကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) zone 3 နဲ့ မကွေးတိုင်း ပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးတို့က တူးဖော်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013