Home
မြန်မာသတင်း
ပခုက္ကူတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
DVB
·
October 10, 2024
Photo-PKU Thurain အဖွဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ PKU Thurain ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။ 

“ပခုက္ကူမြို့နယ်ထဲက အနောက်ဘုန်းကံ ပျူစောထီးရွာကို အနီးကပ် ချောင်းမြောင်းနေချိန်မှာ ကင်းပတ်ဖို့ ထွက်လာတဲ့ ရဲတပ်သားတယောက်ကို ပစ်ခတ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့တာ” လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ ရဲတပ်သားဆီကနေ G3 သေနတ် ၁ လက်၊ ကျည် ၂၀၃ တောင့်၊ ကာဘိုင်ကျည် ၂၀၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၄ ခု၊ AK ကျည် ၁၆ တောင့်၊ ၅.၅၆ ကျည် ၁၉၃ တောင့်နဲ့ လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပေါ်ပေါက်ချက်တွေကို အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြသွားမှာပါ။ ပေါ်ပေါက်ချက်တွေအရ အထက်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်အရ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ပြုလုပ်သွားမှာပါ” လို့ PKU Thurain ရဲ့တာဝန်ခံက DVB ကို ပြောပါတယ်။

အဆိုပါရဲတပ်ဖွဲ့ဝင်ကို PKU Thurain အဖွဲ့နဲ့အတူ PDF ပူးပေါင်းတပ်ဖွဲ့တွေ စုပေါင်းပစ်ခတ် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024