အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက နိုင်ငံ့ခေါင်းဆောင်တွေဟာ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ အောက်တိုဘာ ၁၀ ရက်က ကျင်းပတဲ့ ဒေသတွင်းအစည်းအဝေးထဲမှာ ဆွေးနွေးဘက် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ တွေ့ဆုံခဲ့ပါတယ်။
၃၅ နှစ်ကြာ ကုန်သွယ်မှုနဲ့ ယဉ်ကျေးမှုဆက်ဆံရေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်မှုကို နှစ်ဖက်စလုံးက မီးမောင်းထိုးပြခဲ့ပါတယ်။
“အာဆီယံနဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေးက အရေးကြီးပါတယ်၊ အဓိပ္ပာယ်ရှိပြီး နက်နဲပြီး နှစ်ဖက်စလုံးက အကျိုးရှိပါတယ်”လို့ လာအိုဝန်ကြီးချုပ် ဆိုနက်ဆေ ဆိုက်ဖန်ဒိုနေက အာဆီယံ-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေး အဖွင့်အမှာစကားအတွင်း ပြောပါတယ်။
တောင်ကိုရီးယားသမ္မတယွန်းကလည်း ဒီသဘောထားတွေကို ပဲ့တင်ထပ်ရင်း ဆက်ဆံရေးကို ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခြင်းဟာ ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်အဆင့်တရပ်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters