ကမ္ဘာလုံးဆိုင်ရာ ရွှေစျေးနှုန်း ၃၀ ရာခိုင်နှုန်းနီးပါး တက်လာလို့ ဂါနာနိုင်ငံထဲမှာ ဂါလာမ်ဆေးလို့ လူသိများတဲ့ လိုင်စင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းဟာ အခုနှစ်အတွင်း အရှိန်အဟုန်နဲ့ ကြီးထွားလာပါတယ်။
လိုင်စင်မဲ့ ရွှေတွင်းတွေမှာ လုပ်သားတွေဟာ ပြဒါးတွေရောနေတဲ့ ရွှံ့ရေတွေထဲမှာ လက်ဗလာနဲ့ အလုပ်လုပ်နေရတာပါ။
ကချော်ကချွတ်နိုင်တဲ့ တရားမဝင် ရွှေတူးလုပ်ငန်းဟာ ဂါနာနိုင်ငံရဲ့ စီးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းမှုနဲ့ တရားမဝင် ဝင်ငွေလမ်းကြောင်းတွေ ဖန်တီးပေးတဲ့ ထွန်းကားလာနေတဲ့ လုပ်ငန်းတခုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒါပေမဲ့ တွင်းသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး ရေစီးကြောတွေကို ပြဒါးဆိပ် ညစ်ညမ်းစေတဲ့အပြင် သစ်တောနဲ့ ကိုကာစိုက်ပျိုးရေးကို ဖျက်ဆီးပြီး ရာဇဝတ်မှုတွေကိုလည်း မီးလောင်ရာ လေပင့်ပေးနေပါတယ်။
အသေးစား ရွှေတွင်းတွေကနေ အခုနှစ် ပထမ ၇ လအတွင်း ရွှေအောင်စ ၁ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် တခုလုံးထက် ပိုများခဲ့တယ်လို့ ဂါနာ သတ္တုတွင်းကဏ္ဍ ထိန်းညှိရေးအဖွဲ့ရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။
ဂါနာနိုင်ငံရဲ့ စုစုပေါင်း ရွှေထွက်ရှိမှု ၄၀ ရာခိုင်နှုန်းလောက်ဟာ နိုင်ငံစုံကုမ္ပဏီတွေက လုပ်ကိုင်တဲ့ လိုက်လျောမှုတွေနဲ့ ဆန့်ကျင်နေပြီး အသေးစားရွှေတွင်းတွေကနေ ထွက်လာတာပါ။ အငယ်စား ရွှေတွင်းတွေရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ လိုင်စင်မဲ့ဖြစ်ပါတယ်။
Source-Reuters