လက်ရှိကျင်းပနေတဲ့ အာဖရိကဖလားဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတို့ နောက်တဆင့် တက်ဖို့ မရေမရာ ဖြစ်လာပါတယ်။
အိမ်ရှင် အိုင်ဗရီကို့စ်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီကွယ်တိုရီယယ်ဂီနီ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စု ၃ ပွဲမှာ ၂ ပွဲရှုံးနိမ့်ခဲ့တာပါ။
အိမ်ရှင်ပါဝင်တဲ့အုပ်စု A မှာ အီကွယ်တိုရီယယ်ဂီနီနဲ့ နိုင်ဂျီးရီးယားအသင်းတို့ နောက်တဆင့် တက်ရောက်သွားပြီး အိုင်ဗရီကို့စ်အသင်းက အကောင်းဆုံးအုပ်စု တတိယ ၄ သင်းထဲဝင်ဖို့ပဲ မျှော်လင့်ချက် ရှိတော့တာပါ။
အလားတူ နာမည်ကြီး ဂါနာအသင်းကလည်း အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲသရေ၊ ၁ ပွဲရှုံးခဲ့လို့ အုပ်စု တတိယနေရာမှပဲ ရပ်တည်ခဲ့တာပါ။
ဂါနာအသင်းအနေနဲ့ အကောင်းဆုံးအုပ်စု တတိယရဖို့ မျှော်လင့်ချက်ရှိသေးပေမဲ့ ရမှတ် ၂ မှတ်သာရှိလို့ နောက်တဆင့်တက်ဖို့ အခွင့်အလမ်း နည်းပါးသွားတာပါ။
တခြားအုပ်စုတွေမှာ ကတ်ဗာဒီနဲ့ အီဂျစ်တို့က နောက်တဆင့်တက်ခဲ့ပြီး ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ ဆီနီဂေါ အသင်းကလည်း နောက်တဆင့်တက်ဖို့ သေချာသွားခဲ့ပါတယ်။
Photo - Reuters