ရုရှားအစိုးရက ယူကရိန်းနိုင်ငံရဲ့ အရေးပါတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဆက်ပြီးတိုက်ခိုက်နေလို့ ယူကရိန်းဟာ ရုရှားရဲ့ အပြည့်အဝကျူးကျော်မှု ဖေဖော်ဝါရီ ၂၀၂၂ က စပြီး ခုချိန်ထိ အပြင်းထန်ဆုံး ဆောင်းရာသီကို ရင်ဆိုင်ရနိုင်တယ်လို့ NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရူတာက အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။
“NATO က ယူကရိန်းကို ကူညီဖို့ ပိုလုပ်ရမယ်။ စစ်ရေးအရ ပံ့ပိုးပေးလေ၊ ဒီစစ်ပွဲက ပိုမြန်လေလေပဲ” လို့ ရူတာက ဖင်လန်သမ္မတ အလက်ဇန်းဒါး စတာ့ဘ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ယူကရိန်းအတွက် ဖင်လန်ရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုကို ကျနော် ကြိုဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ အကူအညီမှာ ယူရို ၂ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) ကျော် ပေးပြီးပါပြီ။ ဖင်လန်ဟာ ယူကရိန်းက လူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ ကူညီပေးပါတယ်” လို့လည်း ရူတာက ပြောခဲ့ပါတယ်။
Source-Reuters