ဟာရီကိန်းမုန်တိုင်း မီလ်တန်ဟာ အဆင့် ၅ မုန်တိုင်းအဖြစ် အားကောင်းလာပြီး အမေရိကန် ဖလော်ရီဒါကို ဝင်ရောက်ဖို့ ဦးတည်နေပါတယ်။
မီလ်တန်မုန်တိုင်းဟာ တနာရီမိုင် ၁၈၀ နှုန်းနဲ့ မက္ကဆီကိုရဲ့ ယူကာတန်ကျွန်းဆွယ် မြောက်ပိုင်းကနေ တိုက်ခတ်မှာဖြစ်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
မီလ်တန်ဟာ မက္ကဆီကိုရဲ့ လူနေထူထပ်တဲ့ တမ်ပါဘေးကို ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ဖလော်ရီဒါပြည်နယ်မှာလည်း မြို့တော်ဝန်က ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါဟာ ဖလော်ရီဒါပြည်နယ်ရဲ့ အကြီးမားဆုံး ရွှေ့ပြောင်းမှုတခုပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဟာရီကိန်း ဟယ်လင် ဝင်ရောက်မှုကြောင့် လူ ၂၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီးနောက် ၁၀ ရက်အကြာ ဟာရီကိန်းမီလ်တန် သတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဟယ်လင်မုန်တိုင်းတုန်းက ဖလော်ရီဒါမှာ ၁၄ ယောက် သေဆုံးခဲ့ပြီး စီရင်စု ၆၇ ခုအနက် ၅၁ နေရာကို သတိပေးမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။
မီလ်တန်မုန်တိုင်းဟာ သမိုင်းတလျှောက် တတိယအပြင်းထန်ဆုံး မုန်တိုင်းဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာန ဒါရိုက်တာ ကန်ဂရေဟမ်က ပြောပါတယ်။
ဟာရီကိန်းမီလ်တန်ဟာ မက္ကဆီကို ပင်လယ်ကွေ့ကို ကျော်ဖြတ်တဲ့အချိန် အင်္ဂါနေ့မှာ အားနည်းသွားမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဖလော်ရီဒါကို ကျော်ဖြတ်ချိန်မှာ မိုးသည်းထန်မှုနဲ့ ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
မြောက်ကာရိုလိုင်းနားပြည်နယ်အတွက် အကူအညီပေးဖို့ စစ်သား ၅၀၀ ထပ်မံ တာဝန်ပေးထားတာကြောင့် ကူညီမယ့်အရေအတွက် စုစုပေါင်း ၁,၅၀၀ အထိ ရှိလာပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြည်နယ်တွေကို အကူအညီပေးရေးအတွက် ဒေါ်လာသန်း ၁၅၀ အသုံးပြုခွင့် ပြုထားပါတယ်။
Source-Reuters