Home
နိုင်ငံတကာ
ဆမ်ဆောင်းကုမ္ပဏီ တတိယ ၃ လပတ်အမြတ် မျှော်မှန်းချက်ထက် လျော့နည်း
DVB
·
October 8, 2024
Photo - REUTERS/Steve Marcus

ဆမ်ဆောင်းအီလက်ထရောနစ် ကုမ္ပဏီဟာ အသိဉာဏ်တုနည်းပညာ AI ဆာဗာတွေမှာ သုံးတဲ့ ချစ်ပ်ပြားဝယ်လိုအား မြင့်တက်မှုကို ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့တဲ့အတွက် တတိယသုံးလပတ်အမြတ်ဟာ မျှော်မှန်းချက်ထက် လျော့နည်းခဲ့ပါတယ်။

တတိယသုံးလပတ် လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းဟာ ၂၇၄ ရာခိုင်နှုန်းအထိ ခုန်တက်မယ်လို့ ခန့်မှန်းထားပေမဲ့ ထင်သလောက် မဖြစ်ထွန်းခဲ့ပါဘူး။

မမ်မိုရီချစ်ပ်ပြား၊ စမတ်ဖုန်းနဲ့ တီဗွီထုတ်လုပ်မှုမှာ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ ဆမ်ဆောင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ အဆုံးသတ်တဲ့ သုံးလတာအတွင်း လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ၉ ဒသမ ၁ ထရီလီယံဝမ် (ဒေါ်လာ ၆ ဒသမ ၇၈ ဘီလီယံ) ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ခန့်မှန်းထားတဲ့ ၁၀ ဒသမ ၃ ထရီလီယံဝမ်အထိ မရခဲ့ပါဘူး။

ဒါဟာ အခြေအနေမကောင်းခဲ့တဲ့ မနှစ်က သုံးလပတ်မှာ ၂ ဒသမ ၄၃ ထရီလီယံဝမ်သာ ရခဲ့တာနဲ့ယှဉ်ရင် အများကြီးတက်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယသုံးလပတ်က ၁၀ ဒသမ ၄၄ ထရီလီယံဝမ် ရခဲ့တာနဲ့ယှဉ်ရင် အများကြီး ပြန်ကျသွားတာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်း အစုရှယ်ယာစျေးနှုန်း ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းထားတဲ့ ဆမ်ဆောင်းရှယ်ယာစျေးဟာ အခု စာရင်းရှင်းတမ်း ထွက်လာအပြီးမှာ ၀ ဒသမ ၇ ရာခိုင်နှုန်းတောင် ထပ်ကျသွားခဲ့ပါတယ်။

ဆာဗာတွေမှာသုံးတဲ့ high bandwidth memory (HBM) နဲ့ တခြား ချစ်ပ်ပြားတွေ ဝယ်လိုအား တက်ခဲ့ပေမဲ့ တရုတ်ချစ်ပ်ပြား ထုတ်လုပ်သူတွေက မိုဒယ်နိမ့်ချစ်ပ်တွေ တိုးထုတ်လာနိုင်တာ၊ တချို့ မိုဘိုင်းဖုန်းကုမ္ပဏီတွေက ချစ်ပ်ပြားဝယ်ယူမှု အရေအတွက် ပြန်လျှော့တာကြောင့် ကုမ္ပဏီရဲ့ မမ်မိုရီချစ်ပ်ပြား ထုတ်လုပ်မှုပိုင်းမှာ ဝင်ငွေကျလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013