တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်က ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ စစ်ဘက်နယ်ပယ်အတွက် ဉာဏ်ရည်တု (AI) ကို တာဝန်သိသိ အသုံးချဖို့ ‘ဘလူးပရင့်’ ကို ကြေညာလိုက်ပါတယ်။
မနှစ်တုန်းက အလားတူ စာရွက်စာတမ်းတွေထက် လက်တွေ့ပိုကျတဲ့ လမ်းညွှန်ချက်တွေနဲ့အတူ တင်ပြခဲ့တာဖြစ်ပြီး ဥပဒေအရ တရားဝင်သတ်မှတ်တာမျိုး မဟုတ်သေးပါဘူး။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ အပါအဝင် ထိပ်သီးအစည်းအဝေးကို အစိုးရကိုယ်စားလှယ် စေလွှတ်ခဲ့တဲ့ နိုင်ငံပေါင်း ၉၆ နိုင်ငံထဲမှာ ဘယ်နိုင်ငံက အဲဒီစာတမ်းကို ထောက်ခံတယ် ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆိုးလ်မှာကျင်းပနေတဲ့ စစ်ဖက်ရေးရာ ဒိုမိန်းထဲက တာဝန်သိ AI ထိပ်သီးအစည်းအဝေးဟာ မနှစ်က အမ်စတာဒမ်မှာ ကျင်းပခဲ့ပြီးနောက်မှာ လိုက်လုပ်ဆောင်ခဲ့တာပါ။
အဲဒီအချိန်တုန်းက နိုင်ငံပေါင်း ၆၀ ဝန်းကျင်လောက်ဟာ ဥပဒေဆိုင်ရာ ကတိကဝတ်မရှိဘဲ သင့်တင့်တဲ့ ‘လုပ်ဆောင်ချက်’ ကို ထောက်ခံခဲ့ကြပါတယ်။
အဲဒီမှာ ဘယ်လိုအန္တရာယ် အကဲဖြတ်မှုတွေ လုပ်သင့်သလဲ၊ အရေးကြီးတဲ့ အခြေအနေတွေ ဖြစ်တဲ့ လူသားထိန်းချုပ်မှုကို ဘယ်လိုလုပ်ဆောင်သင့်လဲ၊ အဲဒီအန္တရာယ်တွေကို စီမံခန့်ခွဲဖို့အတွက် ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေကို ဘယ်လိုလုပ်ဆောင်နိုင်တယ် ဆိုတဲ့ အခင်းအကျင်းတွေ ပါဝင်ပါတယ်။
စာတမ်းထဲမှာ အကြမ်းဖက်အဖွဲ့တွေ အပါအဝင် ပါဝင်ပတ်သက်သူတွေက အစုလိုက် အပြုံလိုက် သေစေတဲ့ (WMD) လက်နက်တွေ ပြန့်ပွားရေးအတွက် အသုံးပြုခြင်းကနေ AI ကို တားဆီးဖို့ လိုအပ်ကြောင်းနဲ့ နျူးကလီးယား လက်နက်ဆိုင်ရာ လုပ်ငန်းတွေမှာ လူသားတို့ရဲ့ ထိန်းချုပ်မှုနဲ့ ပါဝင်ပတ်သက်မှုကို ထိန်းသိမ်းထားဖို့က အရေးကြီးကြောင်း အသေးစိတ် အချက်အလက်တွေ ပါဝင်နေပါတယ်။
ဒီစာတမ်းဟာ မနှစ်ကစတင်ခဲ့တဲ့ အမေရိကန်ရဲ့ AI ကို စစ်တပ်ထဲမှာ တာဝန်သိသိ အသုံးပြုခြင်းဆိုင်ရာ ကြေညာချက်လိုမျိုး တခြားနေရာတွေမှာ ချမှတ်ထားတဲ့ အခြေခံမူတွေလို တူညီတဲ့ အခြေခံအချက်များစွာ အကျုံးဝင်နေတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters