Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ကမ္ဘာတဝန်း မြို့ကြီးများတွင်  ဆန္ဒပြ
DVB
·
October 6, 2024
Photo - REUTERS/Christian Mang

ဂါဇာမှာ သွေးမြေကျမှု အဆုံးသတ်ရေးနဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခကြီး ပိုမကျယ်ပြန့်လာရေး တောင်းဆိုဆန္ဒပြပွဲတွေ ကမ္ဘာတဝန်းက မြို့ကြီးတွေမှာ ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဂါဇာစစ်ပွဲ တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ လန်ဒန်မှာ ပါလက်စတိုင်းထောက်ခံသူ ၄၀,၀၀၀ လောက် ချီတက်ဆန္ဒပြခဲ့ကြသလို ပါရီ၊ ရောမ၊ မနီလာ၊ ကိတ်တောင်း၊ နယူးယောက်စီးတီးတို့မှာလည်း လူထောင်ချီ စုရုံးခဲ့ကြပါတယ်။

ဝါရှင်တန်က အိမ်ဖြူတော်အနီးမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ဂါဇာနဲ့ လက်ဘနွန်က အစ္စရေး စစ်ဆင်ရေးကို အမေရိကန်အစိုးရက ပံ့ပိုးပေးတဲ့အပေါ် ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

နယူးယောက်စီးတီး၊ တိုင်းမ်စကွဲမှာ ဆန္ဒပြသူတွေကတော့ ပါလက်စတိုင်းလွတ်မြောက်ရေးကို ကိုယ်စားပြုတဲ့ အနက်နဲ့ အဖြူအစင်းကြား ခေါင်းပေါင်းတွေ ဝတ်ဆင်ပြီး "ဂါဇာနဲ့ လက်ဘနွန်ဘက်က ပြည်သူတွေရှိတယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အစ္စရေးကို လက်နက်ရောင်းချမှုပိတ်ပင်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။  ၂၀၂၃ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့တွေက အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်ခဲ့ပြီး လူ ၁၂၀၀ သတ်ဖြတ်ခဲ့သလို လူ ၂၅၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီအပေါ်မှာ လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာမှာ ထိုးစစ်ဆင်ခဲ့ရာမှာ ပါလက်စတိုင်းသား ၄၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်မှာ နေထိုင်တဲ့ လူ ၂ ဒသမ ၃ သန်းမှာ အားလုံးနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို အငတ်ဘေးနဲ့ပါ ရင်ဆိုင်နေရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013