စပိန်ရထားတွဲသစ်များဖြင့် ရန်ကုန် - ပဲခူး ပြေးဆွဲ၊ ခရီးသည်များ အတက်အဆင်း အဆင်မပြေ
DVB
·
October 4, 2024
စပိန်နိုင်ငံကနေ အသစ်ဝယ်ယူထားတဲ့ ရထားတွဲဆိုင်းတွေကို ရန်ကုန် - ပဲခူး ခရီးစဉ်အဖြစ် မြန်မာ့မီးရထားက အောက်တိုဘာ ၂ ရက်မှာ စတင်ပြေးဆွဲခဲ့ပါတယ်။
ဒါပေမဲ့ ဘူတာအတော်များများမှာ ရထားတွဲတွေရဲ့ တံခါးပေါက်နေရာတွေဟာ ပလက်ဖောင်းထက်မြင့်နေလို့ အဆင်းအတက် လုပ်တဲ့နေရာမှာ လှေခါးတွေချထားရတာကြောင့် ခရီးသည်တွေ အတက်အဆင်းလုပ်ရာမှာ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။ လှေခါးချမထားတဲ့ တံခါးပေါက်တွေမှာတော့ ခရီးသည်တွေက ခုန်တက် ခုန်ဆင်းလုပ်နေတာ မြင်တွေ့ရပါတယ်။