စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရဲ့ အထင်ရှားဆုံးပွဲတော်တခုဖြစ်တဲ့ လာမာဆေးပွဲတော်ကို မီးရှူးမီးပန်းတွေနဲ့ ထိန်ထိန်ညီးညီး ကျင်းပခဲ့ကြပါတယ်။
မိစ္ဆာတွေပုံစံ ဝတ်စားမှုတွေ၊ မီးမှုတ်တဲ့ အကောင်ကြီးတွေ ပါဝင်တဲ့ အယ်လ်ကော်ရက်ဖော့ခ် ဆိုတဲ့ စီတန်းလှည့်လည်ပွဲက ပွဲတော်မှာ အထင်ရှားဆုံးဖြစ်ပါတယ်။
“ငရဲဂိတ်တံခါးပွင့်သွားတာ” ကို သရုပ်ဖော်တဲ့ ဒီပွဲကြောင့် စက်တင်ဘာ ၂၁ ရက် ညမှာ ဘာစီလိုနာလမ်းမတွေမှာ ထိန်ထိန်ညီးနေခဲ့ပါတယ်။
မီးရှူးမီးပန်းတွေ အပြီးမှာ မီးမှုတ်တဲ့အကောင်ကြီးတွေရဲ့ ကပြဖျော်ဖြေမှုကို ဆက်လက်ရှုစားခဲ့ရပြီး အလင်းရောင်နဲ့ မီးကို ရောယှက်သုံးစွဲထားတာ ဖြစ်ပါတယ်။
၁၉၇၉ မှာ စတင်ခဲ့တဲ့ အယ်လ်ကော်ရက်ဖော့ စီတန်းလှည့်လည်ပွဲဟာ ကာတာလန်ဒေသရဲ့ ရိုးရာဓလေ့ကို ဖော်ကျူးတာလည်း ဖြစ်ပါတယ်။
လာမာဆေးပွဲတော်နဲ့ အယ်လ်ကော်ရက်ဖော့ စီတန်းလှည့်လည်ပွဲဟာ ကမ္ဘာမှာ ခရီးသွား ဒုတိယအလာအများဆုံး နိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံမှာ ကမ္ဘာလှည့်တွေကို အဓိကဆွဲဆောင်နိုင်တဲ့ ပွဲတော်တခု ဖြစ်ပါတယ်။
Source-Reuters