စပိန်ရဲတပ်ဖွဲ့ဟာ ဘာလယားရစ်ခ်ကျွန်းတွေထဲက အီဘီဇာကျွန်းပေါ်မှာ စစ်ဆင်ရေးတခု လုပ်ဆောင်ရာမှာ အက်ခ်တက်ဆီ စိတ်ကြွဆေးပြားပေါင်း ၁ သန်းကျော်အပြင် ပန်းရောင်ကိုကင်း၊ ကက်တမင်းနဲ့ တခြားမူးယစ်ဆေးတွေကို သိမ်းဆည်းရမိခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်မှာ ပြောကြားပါတယ်။
အားလုံးဖမ်းမိသမျှတွေထဲမှာ အက်ခ်တက်ဆီ စိတ်ကြွဆေးပြား ၁,၀၇၁,၃၂၇ ပြား၊ ကက်တမင်း ၂၁၂ ကီလိုဂရမ်၊ မီသိုင်လင်း ဒိုင်အောက်ဆီ MDMA ၇၃ ကီလိုဂရမ်၊ ကိုကင်း ၂၀ ကီလိုဂရမ်၊ ပန်းရောင်ကိုကင်း ၂၁ ကီလိုဂရမ်၊ ဟက်ရှ် ဆေးခြောက်ပြား ၁၀ ကီလိုဂရမ်နဲ့ ကန်နဘစ်စ် ဆေးခြောက် ၆ ကီလိုဂရမ်တို့ ပါဝင်ပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ ယူရို ၂၅ သန်းကျော် ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေးအတွင်း အီဘီဇာကျွန်း အခြေစိုက် အီတလီနိုင်ငံသားတွေ အပါအဝင် လူ ၉ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒါဟာ စပိန်နိုင်ငံမှာ ပြုလုပ်ခဲ့ဖူးသမျှ ဓာတုဆေးဝါး ဖမ်းဆီးရမိမှုတွေထဲမှာ အကြီးမားဆုံးဖြစ်ကြောင်း ဂွာဒီယာ ဆီဗီလ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source-Reuters