ပြင်သစ်အသင်းလူစာရင်းမှာ တိုက်စစ်မှူး အမ်ဘာပေကို ချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ ေဒးရွှမ့်က ရှင်းလင်းသွားပါတယ်။
အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်က လိုင်လီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပေမဲ့ ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့တာပါ။
အမ်ဘာပေဟာ ပြီးခဲ့တဲ့လပိုင်းက ကြွက်သားဒဏ်ရာကြောင့် အနားယူခဲ့ရပေမဲ့ မက်ဒရစ်အတွက် ပြန်လည်ကစားနိုင်ခဲ့တာပါ။
နည်းပြ ေဒးရွှမ့်ကတော့ အမ်ဘာပေကို အရဲစွန့်ပြီး အသုံးပြုလိုခြင်း မရှိတာကြောင့် ချန်လှပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေက သိပ်ပြီးပြင်းထန်မှုမရှိကြောင်း ပြောပါတယ်။
ပြင်သစ်အသင်းလူစာရင်းမှာ ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြနေတဲ့ ခရစ္စတယ်ပဲလေ့ ကစားသမားဟောင်း အိုလီဆီ ရွေးချယ်ခံခဲ့ရသလို ချဲလ်ဆီးတိုက်စစ်ကစားသမား အန်ကမ်ကူလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။