ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က လက်ယာယိမ်း မီရှဲဘာနီကို လက်ဝဲယိမ်း ပါတီတွေရဲ့ ဝန်ကြီးချုပ်အဖြစ် ရာထူးခန့်အပ်ဖို့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ပြင်သစ်နိုင်ငံတဝန်း လူထောင်ချီဟာ လမ်းတွေပေါ်ကို စက်တင်ဘာ ၇ ရက်က ထွက်လာခဲ့ကြပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေရဲ့ ဆုံးဖြတ်ချက်ကို ခိုးယူတဲ့ လုပ်ရပ်လို့လည်း သူ့ကို စွပ်စွဲခဲ့ကြပါတယ်။
ပါရီမြို့တော်မှာ ဆန္ဒပြသူတွေက မက်ခရွန်ဟာ အသက် ၇၃ နှစ်အရွယ် ဘာနီကို ဝန်ကြီးချုပ်အဖြစ် နာမည်စာရင်းသွင်းချိန်မှာ မဲရှင်တွေရဲ့ စကားကို နားမထောင်ဘူးလို့လည်း ဆန္ဒပြသူတွေက စွပ်စွဲပါတယ်။
ဘာနီဟာ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ချိန်က EU ရဲ့ ညှိုနှိုင်းဆောင်ရွက်ရေးမှူး ဖြစ်ခဲ့ဖူးပြီး စက်တင်ဘာ ၅ ရက်မှာတော့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူပါ။
အစုအဖွဲ့ သုံးစုကွဲနေတဲ့ လွှတ်တော်အတွင်း ရွေးကောက်ပွဲကို ခေါ်ယူကျင်းပဖို့ နှစ်လကြာ ကြိုးစားအပြီးမှာ မက်ခရွန်က ခုလို ဆုံးဖြတ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။
အစိုးရအကြီးအကဲအဖြစ် ပထမဆုံးအင်တာဗျူးမှာ ဘာနီက သူ့အစိုးရအဖွဲ့ထဲမှာ ရှေးရိုးစွဲဝါဒီတွေ၊ မက်ခရွန်ရဲ့လူတွေနဲ့ လက်ဝဲယိမ်းတချို့ ပါဖို့ မျှော်လင့်ထားတယ်လို့ စက်တင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။
ပြင်သစ်ဟာ ဘဏ္ဍာရေး လိုငွေပြမှုကို လျှော့ချဖို့ ဥရောပကော်မရှင်နဲ့ ငွေချေးစာချုပ်ဈေးကွက် တွေက ဖိအားပေးတာ ခံနေရလို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်း ၂၀၂၅ ဘတ်ဂျက်ကို တွန်းအားပေးဖို့ ကြိုးစားနေရလို့ ဘာနီဟာ ကြောက်စရာကောင်းတဲ့တာဝန်ကို ရင်ဆိုင်နေရပါတယ်။
ဇူလိုင်လရွေးကောက်ပွဲမှာ ထိပ်ဆုံးကနေ တက်လာတဲ့ လူကြိုက်များတဲ့ တပ်ဦးသစ် မဟာမိတ်အဖွဲ့ (NFP) က ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ မက်ခရွန်က ငြင်းဆိုပြီးတဲ့နောက် ဘာနီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါကြောင့် လက်ဝဲစွန်း ဦးမညွတ်သော ပြင်သစ်ပါတီ (LFI) ပါတီက ဦးဆောင်တဲ့ လက်ဝဲအင်အားစုက မက်ခရွန်ဟာ ဒီမိုကရေစီကို ငြင်းပယ်ပြီး ရွေးကောက်ပွဲကို ခိုးယူတယ်လို့ စွပ်စွဲထားပါတယ်။
ပြင်သစ်လူမျိုး ၇၄ ရာခိုင်နှုန်းက မက်ခရွန်ဟာ ရွေးကောက်ပွဲရလဒ်တွေကို ဂရုမစိုက်ဘူးလို့ ယုံကြည်ပြီး ပြည်သူ ၅၅ ရာခိုင်နှုန်းက မက်ခရွန်ဟာ ရွေးကောက်ပွဲကို ခိုးယူခဲ့တယ်လို့ ယုံကြည်နေကြောင်း လူထုစစ်တမ်း ကောက်ယူရေးအဖွဲ့ (Pollster Elabe) က သောကြာနေ့က ထုတ်ပြန်တဲ့ စစ်တမ်းတခုထဲမှာ ဖော်ပြခဲ့ပါတယ်။
Source-Reuters