အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ၊ ဟားမတ်စ်တွေ ဖမ်းခေါ်ခံရတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေက ဓားစာခံတွေကို အိမ်ပြန်ခေါ်ဖို့နဲ့ သဘောတူညီချက်ကိုဆုံးဖြတ်ဖို့ အစ္စရေးအစိုးရကို စက်တင်ဘာ ၇ ရက်က တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေက အစ္စရေးအလံတွေကို ဝှေ့ယမ်းရင်း မီးပုံကြီးတဝိုက်မှာ စုဝေးနေကြချိန်မှာ ဆန္ဒပြသူအများအပြားကို လုံခြုံရေးတပ်ဖွဲ့တွေက ဖယ်ရှားခဲ့ပါတယ်။
ဂါဇာမှာ ထိန်းသိမ်းထားတဲ့ အစ္စရေးနဲ့ ပြည်ပက ဓားစာခံတွေကို လွှတ်ပေးရေး၊ ပဋိပက္ခ အဆုံးသတ်ရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဖို့ နှစ်ဖက်စလုံးက ပျက်ကွက်ခဲ့ပြီးပါပြီ။
ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ လောက်ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တာကြောင့် ပဋိပက္ခ ဖြစ်ခဲ့တာလို့ အစ္စရေး စာရင်းဇယားတွေက ဆိုပါတယ်။
အစ္စရေးရဲ့ နောက်ဆက်တွဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀,၉၃၉ ယောက် ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၂၃ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းဖြစ်စေခဲ့ပြီး ကမ္ဘာ့တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို အစ္စရေးက ရင်ဆိုင်ငြင်းဆိုခဲ့ရပါတယ်။
Source-Reuters