Home
နိုင်ငံတကာ
ပြင်းထန်သည့် ပဋိပက္ခများ ဖြစ်လာမည်ကို လက်ဘနွန်ပြည်သူများ စိုးရိမ်
DVB
·
September 5, 2024
Photo - REUTERS/Emilie Madi

အောက်တိုဘာလမှာ ဂါဇာစစ်ပွဲ ဖြစ်ပြီးကတည်းက နယ်နိမိတ်စစ်ပွဲမှာ ပါဝင်နေတဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား ပြင်းထန်တဲ့ ပဋိပက္ခ ဖြစ်လာမယ့် အလားအလာကို လူအများက စိုးရိမ်နေကြပါတယ်။

လက်ဘနွန်မှာ နောက်ထပ်ကပ်ဆိုးတခု ဖြစ်လာမှာကို စိုးရိမ်လို့ ညအချိန်မှာ နိုးနေတယ်လို့ ဆိုင်ရှင်တယောက်က ပြောပါတယ်။

လူအများစုဟာ ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်ကနေ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုနဲ့ စီးပွားရေး ပြိုလဲမှုအထိ ဖြစ်ခဲ့တဲ့ အတိတ်ကြောင့် စိတ်ထိခိုက်နေကြတာပါ။

“ကျမ ဒီအရာတွေအားလုံးကို မတွေးသင့်ဘူး၊ သမီးရဲ့ပညာရေးကို ဘယ်လိုဆက်လုပ်ရမလဲ တွေးနေတယ်” လို့ အသက် ၃၃ နှစ်အရွယ် ဖာခီက ပြောပါတယ်။

လက်ဘနွန်ဟာ အရပ်သားအများစု အပါအဝင် လူ ၁,၂၀၀ နဲ့ စစ်သားအများစုပါတဲ့ အစ္စရေး ၁၅၈ ယောက်တို့ သေဆုံးခဲ့တဲ့ ၂၀၀၆ ခုနှစ် စစ်ပွဲကနေ ပြန်လည်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာပါ။

ဆယ်စုနှစ်များစွာ အဂတိလိုက်စားမှုနဲ့ အာဏာရနိုင်ငံရေးသမားတွေရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဘဏ္ဍာရေးစနစ်က ၂၀၁၉ ခုနှစ်မှာ ပြိုလဲသွားပြီး ဆင်းရဲမွဲတေမှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။

နောက်တနှစ်မှာတော့ မြို့တော် ဘေရွတ်က ဆိပ်ကမ်းမှာ ဓာတုဗေဒပစ္စည်းတွေ ပေါက်ကွဲမှုကြီးကြောင့် လူပေါင်း ၂၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှုက ပြင်းထန်လွန်းလို့ ၁၅၅ မိုင် အကွာက ဆိုက်ပရပ်စ်နိုင်ငံမှာပါ တုန်ခါမှုကို ခံစားရပြီး လက်ဘနွန်မြို့တော်မှာ မှိုတိမ်တိုက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သြဇာကြီးသူတွေကို တရားစွဲဖို့ ကြိုးပမ်းတဲ့ စုံစမ်းစစ်ဆေးမှုမှာ နိုင်ငံရေးအရ ဖိအားတွေကြောင့် ရပ်တန့်သွားခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024