Home
နိုင်ငံတကာ
မက္ကဆီကိုတွင် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို  တရားရုံးချုပ် တရားသူကြီးများ ပါဝင် ကန့်ကွက် ဆန္ဒပြ
DVB
·
September 5, 2024
Photo - Reuters

မက္ကဆီကို အောက်လွှတ်တော်ဟာ အငြင်းပွားနေတဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးငြင်းခုန်မှုတွေကို  စက်တင်ဘာ ၃ ရက်မှာ စတင်ခဲ့ပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေပါ ရှားရှားပါးပါး ဆန္ဒပြရင်း လွှတ်တော်ကို နောက်ဆုံးအချိန်ထိ ဟန့်တားနေတဲ့ကြားက ခုလို စတင်ခဲ့တာပါ။

အောက်လွှတ်တော် အပြင်ဘက်မှာတော့ တရားစီရင်ရေးမဏ္ဍိုင်က ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေက လမ်းတွေကို ပိတ်ဆို့ရင်း လွှတ်တော်အမတ်တွေ လွှတ်တော်တက်လို့မရအောင် တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

မက္ကဆီကို အောက်လွှတ်တော်က တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဆွေးနွေးပွဲ စလိုက်တာနဲ့ တပြိုင်နက် ရလဒ်အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာခဲ့ပြီး စျေးကွက်မတည်မငြိမ် ဖြစ်ခဲ့တာပါ။

သက်တမ်းစေ့လို့ ရာထူးစွန့်ရတော့မယ့် လက်ရှိသမ္မတ အန်ဒရေမန်နျူယယ်လိုပက်ဇ် အိုဘရဒေါက အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးရဲ့ ကျောရိုးက တရားရုံးချုပ်အပါအဝင် ရာဇဝတ်ရုံး တရားသူကြီးတွေနဲ့ တရားလွှတ်တော် တရားသူကြီး အယောက် ၇၀၀၀ ကျော်ကို ရွေးကောက်ပွဲကတဆင့် ခန့်အပ်ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအာဏာရ မိုရေနာပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုရရှိထားတဲ့ အောက်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဒီဥပဒေကို အတည်ပြု ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လိုပဲ့ဇ်အိုဘရဒေါက တရားသူကြီးတွေ တာဝန်ခံမှုနဲ့ အကျင့်ပျက်ခြစားမှု လျှော့ချဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုအပ်တယ်လို့ စောဒကတက်ခဲ့ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒီပြုပြင်ပြောင်းလဲမှုဟာ တရားလိုတွေ အစိုးရရှေ့နေတွေ၊ ရဲတွေနဲ့ အစိုးရ၀န်ကြီးဌာနတွေအပေါ်  သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး  ဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်နဲ့ အကျင့်ပျက်ခြစားမှုရဲ့ တကယ့်တရားခံတွေ ဖြစ်လာလိမ့်မယ်လို့ စွပ်စွဲထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013