ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၇ ရက်ကတည်းက ထိန်းသိမ်းထားတဲ့ လူ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို အစ္စရေးနိုင်ငံဆီ ပြန်လွှဲပေးခဲ့ပြီးတဲ့နောက် ဟားမတ်စ်နဲ့ ချက်ချင်း အပေးအယူလုပ်ဖို့ စက်တင်ဘာ ၂ ရက်က ဂျေရုဆလင်မြို့မှာ ဒုတိယညအဖြစ် စုဝေးခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အလံတွေကိုဝှေ့ယမ်း အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး လူအုပ်ကြားမှာ မီးခိုးငွေ့တွေကို မြင်တွေ့ခဲ့ရပါတယ်။
ဖမ်းဆီးထားပြီးတဲ့နောက် ၁၁ လနီးပါးအကြာမှာ ဓားစာခံ ၆ ယောက် သေဆုံးမှုကြောင့် ဂျေရုဆလင်နဲ့ တဲလ်အဗစ်မြို့တို့မှာ လူ ၅ သိန်းလောက် လမ်းမတွေပေါ်ထွက်ပြီး တနင်္ဂနွေညက ဆန္ဒပြခဲ့ကြပါတယ်။
ဓားစာခံတွေကို အိမ်ပြန်ပို့ရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖိအားပေးဖို့ အထွေထွေသပိတ်ဟာ တနင်္လာနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
Source-Reuters