Home
နိုင်ငံတကာ
အစ္စရေး သပိတ်ကြောင့် အဓိက လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း
DVB
·
September 2, 2024
Photo-Reuters

အစ္စရေးရဲ့ အဓိက လေကြောင်းသယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်တဲ့ ဘန်ဂူရီယံ လေဆိပ်က လေကြောင်းခရီးစဉ်တွေ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ရပ်တန့်သွားခဲ့တယ်လို့ အစ္စရေး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အကြီးအကဲ အာနွန်ဘာ ဒေးဗစ်က စက်တင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၇ ရက်ကတည်းက ဖမ်းဆီးထားတဲ့ ဓားစာခံ ၆ ယောက် သေဆုံးပြီး ရုပ်အလောင်းတွေကို အစ္စရေးက ပြန်ရယူပြီးတဲ့နောက် ဟားမတ်စ်နဲ့ ဓားစာခံသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးဖို့ အစိုးရကို ဖိအားပေးကြဖို့ အထွေထွေသပိတ် ဆင်နွှဲဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းအထိ လေကြောင်းခရီးစဉ် အများအပြား နှောင့်နှေးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက သူ့ဗီဒီယိုထဲမှာ ပြသခဲ့ပါတယ်။

ဂါဇာမှာ ဓားစာခံ ၃ ယောက် သေဆုံးပြီးတဲ့နောက် စက်တင်ဘာ ၁ ရက်မှာ အစ္စရေးသုံ့ပန်းတွေ လွတ်မြောက်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နိုင်ငံခေါင်းဆောင်ပိုင်းရဲ့ ပျက်ကွက်မှုအပေါ် မကျေမနပ်ဖြစ်ကြတဲ့အတွက် ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဂျေရုဆလင်၊ တဲလ်အဗစ်နဲ့ တခြားမြို့တွေမှာ အင်အား ၅ သိန်းအထိ ဆန္ဒပြခဲ့ကြတယ်လို့ အစ္စရေး မီဒီယာတွေက ခန့်မှန်းကြပါတယ်။

ကျန်ရှိနေတဲ့ ဓားစာခံ ၁၀၁ ယောက်ကို ပြန်ခေါ်လာဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တောင်းဆိုခဲ့ကြပေမဲ့ အဲဒီ ကျန်ရှိဓားစာခံတွေထဲက လူသုံးပုံတပုံလောက်က သေပြီးနေပြီလို့  အစ္စရေး တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024