ဂါဇာဒေသမှာ ကလေး ၆၄၀,၀၀၀ လောက်ကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှု ပထမနေ့ အောင်မြင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ဒေသတခုလုံးအတိုင်းအတာနဲ့ မဟုတ်ဘဲ နယ်မြေအလိုက် အစ္စရေးနဲ့ ဟားမတ်စ် အကြား ခဏတာအပစ်ရပ်ပြီး ကာကွယ်ဆေးတိုက်ကျွေးမှုကို စက်တင်ဘာ ၁ ရက်က စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
၃ ရက်အတွင်း ၁၀ နှစ်အောက်ကလေး ၉၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျှော်မှန်းထားပါတယ်။
ဂါဇာမှာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပိုလီယိုကူးစက်မှု ပြန်တွေ့ခဲ့အပြီးမှာ အခုလို ကာကွယ်ဆေးထိုးနှံရေး ပြန်စခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေး ၁ ဒသမ ၃ သန်းကျော် ယူနီဆက်ဖ်က ဂါဇာကို သွင်းလာနိုင်ခဲ့ပြီး နောက်ထပ် ၄ သိန်းထပ်ပို့ဖို့လည်း ရှိနေပါတယ်။
Source-Reuters