ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်ကို အောက်တိုဘာ ၂ ရက်မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ SANA က စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး ပြောပါတယ်။
အစ္စရေးဟာ ဒမတ်စကတ်မြို့ အနောက်ဘက်က မက်ဇ်ဇာ ဆင်ခြေဖုံးမှာရှိတဲ့ လူနေအဆောက်အအုံတခုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
အစ္စရေးဟာ ဆီးရီးယားနိုင်ငံထဲက အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို နှစ်အတော်ကြာကြာ တိုက်ခိုက်ခဲ့တာပါ။
အစ္စရေးပိုင်နက်ကို ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က မနှစ် အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်မှုနောက်ပိုင်း စီးနင်းတာတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။
Source-Reuters