အက်စ်တန်ဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းကို ဂျာမန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဗီလာပါ့ခ်ဆီ တစ်ကျော့ပြန် လာရောက်ကစားခွင့်ရခဲ့တာဖြစ်ပေမဲ့ ပွဲချိန်အတွင်းမှာ ဂိုးပေါက် ကန်ချက်တကြိမ်ပဲရှိခဲ့ပြီး အပိုင်ကန်သွင်းချက်တချို့ကိုလည်း လွဲချော်ခဲ့တာပါ။
ဂျာမန်နာမည်ကြီးသတင်းဌာန BILD ကတော့ ဟယ်ရီကိန်းဟာ ဗီလာနဲ့ပွဲမှာ ပျောက်ဆုံးသွားခဲ့ပြီး အပိုင်အခွင့်အရေးတကြိမ်ကို ဖြုန်းတီးခဲ့ကြောင်း ဝေဖန်ရေးသားပါတယ်။
ဒါ့အပြင် ဘိုင်ယန်ဂိုးသမား နူအာရဲ့ လက်စွမ်းအပေါ်နဲ့ ပေးလိုက်ရတဲ့ဂိုးအပေါ်မှာလည်း ဂျာမန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။
Photo-Reuters