Home
မြန်မာသတင်း
ထိုင်းစီမံချက်ကာလ ရွှေ့ပြောင်းလုပ်သား ၂ သိန်းခွဲ ကျော်စစ်ဆေးခံရပြီး၊  ၂၀၀၀ ခန့် အရေးယူခံရ 
DVB
·
October 2, 2024

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားနှိမ်နင်းရေးကို စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေတာမှာ ရက်ပေါင်း ၁၀၆ ရက်အတွင်း မြန်မာအများစုအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂ သိန်းခွဲကျော်ကို စစ်ဆေးခဲ့ပြီး  ၂၀၀၀ နီးပါးကို အရေးယူခဲ့တယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒီနှစ် ဇွန်လ ၅ ရက်ကနေ စက်တင်ဘာ ၁၉ ရက်နေ့ထိ ရက်ပေါင်း ၁၀၆ ရက်တာကာလအတွင်း   အလုပ်နေရာပေါင်း ၁၈၈၁၅ နေရာရှိ မြန်မာ ၁၉၃,၄၃၀ ဦး ကမ္ဘောဒီးယား ၃၉ , ၇၃၆ ဦး၊ လာအို ၁၅,၂၈၁ ဦး၊ ဗီယက်နမ် ၁၆၂ ဦးနဲ့ အခြားနိုင်ငံသား ၇၆၀၄ ဦး၊ စုစုပေါင်း နိုင်ငံခြားရွှေ့ပြောင်းလုပ်သားပေါင်း ၂၅၆, ၂၁၃ ဦးကို စစ်ဆေးခဲ့တယ်လို့ ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး နိုင်းဆုမ်ချိုင်း မောလ်ကွတ်ဆီဝမ်းက ပြောပါတယ်။ 

အဲဒီထဲက တရားဥပဒေနဲ့မညီညွတ်တဲ့  လုပ်ငန်းခွင် ၇၁၈ ခု၊ ရွှေ့ပြောင်းလုပ်သားပေါင်း ၁၈၃၀ ဦး အရေးယူခံရပြီး မြန်မာ ၁၁၄၉ ဦး၊ ကမ္ဘောဒီးယား  ၂၅၉ ဦး၊ လာအို ၂၅၂ ဦး ၊ ဗီယက်နမ် ၃၁ ဦး နဲ့ အခြားနိုင်ငံသား ၁၃၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

“တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့” လို့ ထိုင်းလိုအမည်ပေးထားတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ နှိမ်နင်းရေးစီမံချက်မှာ ရက်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်ထိ  ရက်ပေါင်း ၁၀၆ ရက်ရှိသွားပြီဖြစ်တာကြောင့် ဒီအောက်တိုဘာ ၃ ရက်မှာ စီမံချက်ရက် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

ကိုးကား -  ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲရေး ဦးစီးဌာန 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013