အီရန်က အစ္စရေးနိုင်ငံကို ဒုံးကျည် အစင်း ၁၈၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။ ဒါပေမဲ့ အများစုကို အစ္စရေးလေတပ်က အမေရိကန်လေတပ်နဲ့ ပူးပေါင်းပြီး ပစ်ချဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အီရန်ရဲ့ ဒုံးကျည်ကြောင့် အစ္စရေးဘက်ခြမ်းမှာ သေဆုံးသူမရှိဘဲ အစ္စရေးအလယ်ပိုင်းက ကျောင်းတကျောင်းနဲ့ တယ်လ်အဗစ်က စားသောက်ဆိုင်တဆိုင် လထိမှန်ခဲ့ပါတယ်။
အစ္စရေးသိမ်းထားတဲ့ ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းမှာတော့ ပါလက်စတိုင်းအမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
အီရန်ဟာ အမှားကြီးမှားသွားပြီဖြစ်ပြီး၊ ဒီအတွက်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးမှာ နေတန်ယာဟုက အီရန်ဟာ သူ့တိုင်းပြည်ရဲ့ ရန်သူအပေါ် လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ချက်ကို နားမလည်ကြောင်း၊ ဘယ်သူပဲ တိုက်ခိုက်လာလာ ပြန်တိုက်ခိုက်မယ်ဆိုတဲ့ ရပ်တည်ချက်ကို အီရန်နားလည်သွားအောင် လုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်က ဒုံးမိုးမရွာခင်မှာ တဲလ်အဗစ်မြို့ ဂျက်ဖာမှာ သေနတ်သမား ၂ ယောက်က ပစ်ခတ်ခဲ့တာကြောင့် လူ ၆ ယောက်ထက်မနည်းသေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။၊ သေနတ်သမား ၂ ယောက်က ပစ်ခတ်ခဲ့တာလို့ ယူဆရပြီး အနားက အရပ်သားတွေနဲ့ ရဲတွေက သေနတ်သမားတွေကို အသေပစ်ခတ်ဖမ်းမိခဲ့ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးတပ်တွေဟာ ဟစ်ဇ်ဘိုလာတွေကို နှိမ်နင်းဖို့ဆိုပြီး လက်ဘနွန်နိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး အကန့်အသတ်နဲ့၊ ဒေသအလိုက်၊ ပစ်မှတ်ထားတဲ့ မြေပြင်ထိုးစစ်ဆင်နွှဲ နေပါတယ်။
Source: Reuters