ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ ဆီးရီးယားဒုက္ခသည်တွေဟာ လက်ဘနွန်မြို့တော် ဘေရွတ်မြို့ရဲ့ နေရာတချို့ကို အစ္စရေးက စက်တင်ဘာ ၂၈ ရက်က ညလုံးပေါက် လေကြောင်းတိုက်ခိုက်ခဲ့လို့ သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
လူအများအပြားဟာ လက်ဘနွန်တောင်ပိုင်းနဲ့ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဘေရွတ်မြို့လယ်နဲ့ မြို့ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ခိုလှုံခဲ့ကြပါတယ်။
သောကြာနေ့က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးက ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဗဟိုကွပ်ကဲမှု ဌာနချုပ်ကို တိုက်ခိုက်ရာမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာစရာလာကို ဖယ်ရှားခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်က အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် ကွယ်လွန်ကြောင်း အတည်ပြုခဲ့ပေမဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို အသေးစိတ် မပြောခဲ့ပါဘူး။
နာစရာလာ သေဆုံးမှုဟာ ဟစ်ဇ်ဘိုလာနဲ့ အီရန် ၂ ဖွဲ့လုံးအတွက် အဓိကထိုးနှက်ချက် ဖြစ်ပါတယ်။
ဒါဟာ ဟစ်ဇ်ဘိုလာကို အာရပ်ကမ္ဘာမှာ အီရန်အစိုးရရဲ့ မဟာမိတ်အဖွဲ့များကွန်ရက်ဆီ လျှပ်တပြက်ချိတ်ဆက်ပြီး မဟာမိတ်တည်ဆောက်ဖို့ ကူညီခဲ့တဲ့ သြဇာကြီးတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကို ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က တိုက်ခိုက်မှုကြောင့် လူ ၃၃ ယောက် သေဆုံးပြီး ၁၉၅ ေယာက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေကို စနေနေ့ညနေပိုင်းအထိ လေကြောင်းကနေ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေလို့ မြို့ကောင်းကင်တခွင်မှာ မီးခိုးလုံးကြီးတွေ အူထွက်နေတာကို ရိုက်တာသတင်းဌာနရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအရ မြင်ရပါတယ်။
Source-Reuters